Pages

Tuesday, January 04, 2011

အသားကျနေတဲ့ နေ့

ကျော်လွန်ခဲ့ပြီလေ
ခရစ္စမတ်ရယ်
သိုးဆောင်း နှစ်သစ်ကူးရယ်
နှင်းတွေ ဖြူဖြူ မကျလည်း
ငါတို့ ဂွမ်းစ ဖြူဖြူတွေနဲ့ အသားကျနေသလိုပါပဲ
မဟုတ်မှန်းသိလည်း
အကျေနပ်ကြီး ကျေနပ်နေတာမျိုးမလား
ဖိုးတွမ်တီးဆိုတာ
ဖုံးဖုံးကွယ်ကွယ် မြင်ကောင်းတော့လည်း
လူကျေနပ်စရာကြီးလေ.......

ဒီနေ့ဆို ဇန်နဝါရီ ၄ရက်မို့
ငါတို့ တိုင်းပြည် မွေးရက်ရောက်ပြီပေါ့
ငါတို့ ၄း၂၀ နဲ့ လွတ်လပ်ခဲ့
အကျေနပ်ကြီး ကျေနပ်နေသူတွေကလည်း
စည်းစိမ်တွေမူးလို့
မကျေနပ်ခြင်းများစွာနဲ့ မကျေနပ်သူတွေကလည်း
ဒေါသတွေ တရှုးရှုးနဲ့ပေါ့
ငုတ်တုတ်ထိုင်နေရင်း
ကျွန်တော်လည်း ကယ်တင်ရှင် မင်းလောင်းမျှော်ဆဲ
အစားလည်း မပျက်
အအိပ်လည်း မပျက်
ပါးစပ်ကတော့ ဂါထာတွေ ထထရွတ်တတ်တယ်
ဖိုးတွမ်တီးနဲ့ အသားကျနေဆဲပဲ.......


နေဦး
(၂၀၁၁ ဇန္နဝါရီ ၄၊ ညနေ ၆နာရီ)