စကားတွေလည်း အဆန်းတွေဖြစ်လို့
အများအမြင်မှာလည်း မချို
ငါ့ဘဝမှာ ခါးသက်သက်ခံစားချက်တွေကို မြိုချ
ငါ နန်းကျတဲ့ဘုရင်ပါ......
မြန်းမကြွရဲချင်တော့ပါဘူးလေ
နန်းကျတဲ့ဘုရင်မို့
စန်းမထတော့ထင်.....
မင်းခစား ကမ်းနားသစ်ပင်ဆိုကြပေမယ့်
ငါသခင် ဆိုတော့လည်း
ငြိုငြင်ဆုတ်တွေး ဝေးခဲ့ကြတော့
အရင်ကငါ အခုလက်ရှိငါ
ဘယ်မုခ်ကပဲ ထုတ်ထုတ်
ငါ့သရုပ်ကတော့ ..............
စစ်မနိုင်ခဲ့တာ မဟုတ်ဘူး
စစ်မပြိုင်ခဲ့တာပါ
သေပျောက်ပျက်စီး ဒုက္ခသံတွေ တညီးညီးကြားနေရမယ့် အစား
ငါပဲ ဒီပလ္လင်က ဆင်း
ရှေ့လျှောက်ရမယ့်ခရီးဆိုတာ
ဆူးခင်းထားတဲ့လမ်းဆိုလည်း
ငါ့ဖဝါးထက် သွေးစက်တွေ
ကျလိုက ကျစေ........
နေဦး