Pages

Thursday, January 27, 2011

အရိုင်းအစိုင်း

ရွံ့ရှာ ထင်သေး
မင်းတို့တွေးလည်း
အညှီအဟောက်
အရွှန်းဖောက်သည်
ရိုင်းသည်ဆိုလည်း
ထင်ပေရော့......

ရုန့်ရင်းကြမ်းတမ်း
မိုက်ရမ်းရမ်းလျက်
ယမကာ မလစ်
ငါ့အဖြစ်သည်
လူအရိုင်းစစ်စစ်ဖြစ်ချေမည်......

ဘုရား တရား ဦးထိပ်ထားလျက်
ယဉ်ကျေး နှုတ်ချို
သင်တို့ဆိုကာ
ဝတ်စား လုံခြုံ
သင်တို့ပုံကား
လေးစားလောက်ဖွယ်
လွန်တင့်တယ်၏..........

အားလုံး ထိုထို မဆိုသော်လည်း
ငါသိသမျှ
မြင်သမျှကား
ဘုရားဘုရား ပါးစပ်ဖျားလည်း
တရား လက်လွတ်နေချေပြီ
ကုသိုလ်အလှု လွန်ပြုသူလည်း
အကျိုးအတွက် ရည်ရွယ်ပြီ
အပေးအကမ်း လွယ်လွယ်လှမ်းလည်း
ပြန်ရချက်ကို ခင်တွယ်သည်........

တရားကိုမရှာ
တရားသာနာလျက်
စိတ်ပုတီးကိုကိုင်
ဒေါသစိုင်ခဲ အမျက်သဲလျက်.........

ရိုင်းချင်ရိုင်းပစေ
မယုတ်မာပေးဘူး
စိုင်းချင်သလို စိုင်းပစေ
ဒုက္ခပင်လယ်မဝေစေဘူး
ရိုင်းချင်သလိုရိုင်း
စိုင်းချင်သလိုစိုင်းလည်း
ကတိမြဲမြံ
တရားမှန်လျက်
အမွဲဘဝ
ကျေနပ်ရပြီ
အရေခြုံသော ဝံပုလွေသည် ဘယ်သူနည်း..........


နေဦး
(၂၀၁၀ ဇန္နဝါရီ ၂၇၊ ညနေ ၅း၄၃)